Monday, 29 March 2010

ဒေါသ


Share/Save/Bookmark



ဒေါသဆိုတာ မီးခြစ်ဆံလိုကိုယ့်ကို အရင်လောင်တယ်
ပြီးတော့မှ သူတစ်ပါးကိုပါလောင်တော့တာပဲ...

လွတ်ထားသောစိတ်


Share/Save/Bookmark

"မဆုံးမ မစောင့်ထိန်းပဲ လွှတ်ထားသော စိတ်ကဲ့သို့
အကျိုးမဲ့ ဒုက္ခရောက်စေတတ်သော အခြား
တရားတစ်ပါး ကို ငါဘုရားမြင်တော်မမူ”
(ဗုဒ္ဓ)

Tuesday, 2 March 2010

လွတ်လပ်မှုဆိုတာ....


Share/Save/Bookmark


လွတ်လပ်မှု ဆိုတာ ဘာလည်း ?
ပြီးတော့ ကိုယ်တိုင်ရော လွတ်လပ်မှုဆိုတာကိုအပြည့်အ၀နားလည်ပြီလား ?
တကယ်တော့လွတ်လပ်မှုဆိုတာ
အချုပ်နှောင်ကင်းတာပါပဲ
ငွေကြေး၊အချစ်၊ပစ္စည်း အရာဝတ္ထု စသည်ဖြင့်ပေါ့ဗျာ
ကဲ့ဒါတွေကကင်းမှပဲ လွတ်လပ်မှုအစစ်အမှန်ကိုသိပါတယ်။
အဲ့ဒါတွေကင်းဖို့တော့ ခဏပဲဖြစ်ဖြစ် ပစ္စုပန်ကိုသတိနဲ့နေလိုက်ဖို့ပါပဲ.......။

Monday, 1 March 2010

တန်ဖိုးရှိတယ် မရှိဘူးဆိုတာ.......


Share/Save/Bookmark




တန်ဖိုးဖြတ်လို့ရတဲ့အရာမှန်သမျှဟာ တကယ့်ကိုတန်ဖိုးမဲ့ပြီး တန်ဖိုးဖြတ်လို့မရတဲ့အရာမှန်သမျှဟာ တကယ့်ကို တန်ဖိုးရှိပါတယ်.......
ဥပမာဗျာ- ကိုယ့်စိတ်ပျော်ရွှင်မှု အဲ့ဒါဟာလည်းတန်ဖိုးဖြတ်မရတဲ့အရာပဲ ငွေနဲ့လဲလို့မရဘူး ဘာနဲ့မှလဲမရဘူးနော်

Saturday, 27 February 2010

ပရဟိတ မွန်မြတ်လှ (ကဗျာ)


Share/Save/Bookmark
ပရဟိတ မွန်မြတ်လှ
နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။

မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။

မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။

ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။

ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။

ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

အလုပ် နဲ့ ငွေ


Share/Save/Bookmark
အလုပ်ကနေ ပိုက်ဆံပဲရတယ်၊ တစ်ခြားဘာမှ ကျေနပ်မှု မရဘူးဆိုရင် အဲဒီ့လူဟာ အလုပ်ကြောင့် စိတ်ထိခိုက်မှု၊ကိုယ်ထိခိုက်မှုဖြစ်တယ်။
ကိုယ့်ဘ၀နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်က ဘာလဲ။ ကိုယ်တကယ် စိတ်အေးချမ်းမှု၊ စိတ်ကြည်လင်မှု၊ စိတ်ချမ်းသာမှုကိုရမယ့် အလုပ်မျိုးဟာ ဘာလဲ။ ကိုယ့်အရည်အချင်းတွေကို အများဆုံးထွက်လာအောင် ထုတ်ဖော်ပြီး အသုံးချရမယ့်အလုပ်မျိုးဟာ ဘယ်လို အလုပ်မျိုးလဲ ဆိုတာကို သိပြီးတော့ ကိုယ့်အရည် အချင်းတွေကို အများဆုံးသုံးနိုင်မယ့်အခြေအနေမျိုးကို နေ့တိုင်း ပြုစုပျိုးထောင်သွားဖို့လိုတယ်။

မျက်ရည်သုတ်မဲ့နေ့ရက်များဆီ......(ကဗျာ)


Share/Save/Bookmark

လူပီသတယ်ဆိုတာ..?


Share/Save/Bookmark


လူရယ်လို့ဖြစ်လာရင် အရေးကြီးဆုံးအလုပ်ကဘာလည်း ?
လူပီသဖို့ပါပဲ
မွေးလာကတည်းက လူပီသပြီးသားမဟုတ်လားလို့မေးစရာရှိပါတယ်?
အဖြေကတော့
မပီသပါသေးပါဘူးတဲ့

လူပီသဖို့အလားလာပဲရှိပါသေးတယ်တဲ့
အဲ့တော့ လူပီသတယ်ဆိုတာ ဘာကိုပြောတာလည်းပေါ့ ?


တရားခြင်း နဲ့ မတရားခြင်း ကို ခွဲခြားသိရှိပြီး
တရားတာကိုလုပ် မတရားတာကိုရှောင်ရှားတဲ့
ပု၈္ဂိုလ်မှလူပီသတဲ့လူလို့ဘာသာပြန်လို့ရပါတယ်........

ဒီလိုဆို မတရားတာတွေလုပ်နေရင် လူမဟုတ်ဘူးလို့
ဘာသာပြန်လို့ရတယ်နော်..............

မိတ်ဆွေကောင်း


Share/Save/Bookmark


မိတ်ဆွေကောင်းမရှိရင်...လူဟာ အထီးကျန်ဆန်လာတယ်(Lonely)ဖြစ်လာတယ် ဆိုပဲ...မြတ်ဘုရားကတောင် ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းရကြလို့ သတ္တ၀ါတွေမှာ ချမ်းသာခြင်းဖြစ်ရတယ်လို့ဆိုခဲ့တာကိုး......
အဲ့မိတ်ကောင်းရဖို့တစ်ခုထဲသောအရာဟာ မာနကြီး - စိတ်ကြီးဝင်ခြင်း  (Psychic Inflation )မရှိဖို့ပါလို့လည်းဆိုသဗျား…